Breaking News

ဆောင်းယွန်းလ ● အိပ်တန်းမတက်နိုင်ခဲ့တဲ့ ညတွေအကြောင်း

ဆောင်းယွန်းလ ● အိပ်တန်းမတက်နိုင်ခဲ့တဲ့ ညတွေအကြောင်း
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၉

အိပ်တန်းမတက်နိုင်ခဲ့သေးသမျှ
စိတ်တန်းတက်နေခဲ့ရတယ်
တန်းအကျိုးပေါ်မှာ 
အိပ်ရာမနိုးသေးတဲ့လမ်းတွေသာ ချိတ်ငြိလို့

ဒီမြို့ကြီး တစ တစ ပျက်စီးသွားပုံကို 
အဝေးကကြည့်ငေးရင်း
ကိုယ့်သွေးဟာ အပူတပိုင်း အအေးတပိုင်း

မျှော်လင့်ခြင်းကို 
လှိုင်းစီးသလို စီးနေရတော့ မူးလွန်းတယ်
ကယ်ပါယူပါ တစာစာအော်ဟစ်သံတွေရဲ့ကြား
ကိုယ့်နားရွက်တွေ နစ်မြုပ်သွားကြ

ဒီတညလည်း
ဗလာဖြစ်နေတဲ့ ဗလာစာရွက်ပေါ်ကို
စိတ်တန်းတက်ခဲ့ရပြန်တယ်။

ဆောင်းယွန်းလ