Breaking News

ဝါကျဖြူ - စာတိုက်ပုံးဒဏ်ရာ

KT#
စာတိုက်ပုံးဒဏ်ရာ
ဝါကျဖြူ
(မိုးမခ) အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၉

သံချေးကိုက်ထားတဲ့ အမည်နာမတွေထဲမှာ
ခန္ဓာတွေကူးခတ်နေပါတယ် ။

ပါဆယ်ထုတ်တွေထဲမှာ မကျက်သေးတဲ့
အမည်နာမတွေကို စာတိုက်ကနေတဆင့်
အမြန်ချောပို့နဲ့ ပို့နေကြတယ် ။

ကမ္ဘာလောကရဲ့ပျက်ရယ်ပြုနေတဲ့
မျက်စေ့တစ်ဖက်လပ်ထဲက ရေကန်ဟောက်ပက်ထဲမှာ
နားရွက်ပြတ်တွေ ဖျတ်ဖျတ်လူးနေကြတယ် ။

လူဦးခေါင်းတွေထဲမှာ စနစ်တကျ 
ပုတ်သိုးနေတဲ့ သတ္ထုတွေထဲက ရနံ့တွေ
တိတ်တိတ်ဆိတ်ဆိတ် ငေးမောနေကြတယ် ။