Breaking News

မိုးခါး - ခေတ်ပေါ်သစ္စာစူးစေတဲ့ အဆိပ်


KT#
ခေတ်ပေါ်သစ္စာစူးစေတဲ့ အဆိပ်
မိုးခါး
(မိုးမခ) အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၉

လောကကိုအက္ခရာအဖြစ်တင်ကြည့်လိုက်ရုံနဲ့
နှာခေါင်းသွေးလျှံတဲ့နှစ်များများက
အလုပ်မဖြစ်ဘူး
အရှေ့ကသောကကိုအမွေအဖြစ်ပေးတယ်
အနောက်ကရုန်းကြွရင်းလူးလွန့်မှုေပးတယ်
စာပွဲပေါ်နာရီ ပြုတ်ကျလုနီးနီး
ထိုင်နေကြသက္ကရစ်တွေ
နေတခါဝင်တယ်
နေတခါထွက်တယ်
ပစ္စုပ္ပန်ရယ်
မီးမကူးပဲရလာတဲ့ဘဝကိုမွ
အနေကျပ်အသေကျပ်တဲ့လမ်းကို
ရွေးပြီး
အမှောင်ထဲမျက်ရည်ကျခိုင်းတယ်။