သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားတွင်း Kurds ကျေးရွာတွေကို IS သိမ်းယူ


ဆီးရီးယားက အစ္စလာမ်စစ်သွေးကြွများ။
ဆီးရီးယားက အစ္စလာမ်စစ်သွေးကြွများ။

Islamic State အစ္စလာမ် စစ်သွေးကြွအဖွဲ့တွေဟာ တင့်ကားတွေရဲ့ အကူအညီနဲ့ တူရကီနိုင်ငံနယ်စပ်အနီး ဆီးရီးယားနိုင်ငံအတွင်းက Kurd လူမျိုးစုတွေရဲ့ ကျေးရွာပေါင်း ၂၁ ရွာကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒေသအတွင်းက နယ်မြေအများအပြားကို သိမ်းပိုက်လာနေတဲ့ အစ္စလာမ် စစ်သွေးကြွတွေက လက်စားချေ သတ်ဖြတ်မှုတွေ ပြုလုပ်လာမှာ စိုးတဲ့အတွက် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ကဒ်လူမျိုးစုတွေ အများအပြား နေထိုင်တဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသမှာ အစ္စလာမ် စစ်သွေးကြွတွေနဲ့ ကဒ်ပြည်သူ့စစ် တပ်ဖွဲ့တွေအကြား လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ အဲဒီ ကဒ်လူမျိုးစုတွေရှိရာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသမှာ အစ္စလာမ် စစ်သွေးကြွတွေဖက်က စစ်ရေးအရ အသာစီးရလာပြီး Kbani လို့ခေါ်တဲ့ Ayn Arab ဒေသအတွင်းက ကဒ်လူမျိုးစုတွေရဲ့ ရွာပေါင်း ၂၁ ရွာကို သိမ်းပိုက်လိုက်နိုင်တာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

သူတို့ သိမ်းပိုက်လိုက်နိုင်တဲ့ နယ်မြေအတွင်းက ဒေသခံ ရွာသားတွေကို အစ္စလာမ်မစ် စစ်သွေးကြွတွေက သတ်ဖြတ်ပစ်မှာ စိုးရိမ်ရကြောင်း Kobani Canton ဒေသ အုပ်ချုပ်ရေးမှူး Anwer Moslem က ဗွီအိုအေ Kurdish အသံလွှင့်ဌာနကို ပြောကြားခဲ့ပါတယ်။

အစ္စလာမ် စစ်သွေးကြွတွေကို အခုလို တိုက်ခိုက်နေမှုက ရပ်တန့်နိုင်ရေးအတွက် အနောက်နိုင်ငံတွေအနေနဲ့ အလျင်အမြန် ဆောင်ရွက်သင့်ကြောင်းလည်း Anwer Moslem က ပြောပါတယ်။

XS
SM
MD
LG