Home
မြန်မာသတင်း
လွှတ်တော်အရပ်ရပ် နိုဝင်ဘာ ၁၆ ပြန်စမည်
DVB
·
October 26, 2016
ရပ်နားထားတဲ့ လွှတ်တော်အရပ်ရပ်ကို လာမယ့် နိုဝင်ဘာ ၁၆ ရက်မှာ ပြန်လည်ကျင်းပမယ်လို့ သက်ဆိုင်ရာ လွှတ်တော်အသီးသီးက ကြေညာလိုက်ပါတယ်။ အောက်တိုဘာ ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေထဲမှာ ဒုတိယအကြိမ် ပြည်သူ၊ အမျိုးသားနဲ့ ပြည်ထောင်စုလွှတ်တော်၊ တတိယ အစည်းအဝေးများကို နိုဝင်ဘာ ၁၆ရက် မနက်မှာ စတင်ကျင်းပပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို အောက်တိုဘာ ၇ ရက်မှာ ခေတရပ်နားခဲ့တာ ဖြစ်ပြီး လွှတ်တော်အရပ်ရပ် စတင်ခဲ့တဲ့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့တဲ့ ဥပဒေပေါင်း ၃၉ခု ရှိတယ်လို့ လွှတ်တော်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024