IS အဖွဲ့ ခေါင်းဆောင်ရဲ့ အသံဖိုင် ဆိုပြီး ထွက်ပေါ်နေ

_baghdadi_

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, သေဆုံးခဲ့ပြီလို့ သတင်းထွက်နေတဲ့ IS ခေါင်းဆောင်ရဲ့ အသံဖိုင် ထွက်ပေါ်လာ။

IS လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင် Abu Bakr al- Baghdadi ရဲ့ အသံလို့ ယူဆရတဲ့ အသံဖိုင် တစ်ခုကို IS တွေ ဘက်က ထုတ်ပြန် လိုက်ပါတယ်။

အမေရိကန်တို့ ရဲ့ အီရတ်နိုင်ငံ အတွင်း ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုမှာ မစ္စတာ ဒဏ်ရာ ရသွားတယ် ဒါမှမဟုတ် သေဆုံး သွားတယ် ဆိုတဲ့ ကောလဟာလ တွေ ထွက်ပေါ် လာခဲ့အပြီး၊ ရက် အနည်းငယ် အတွင်းမှာပဲ၊ အခုလို အသံဖိုင် ထွက်ပေါ် လာတာပါ။

အဲဒီ့ အသံဖိုင်ထဲမှာ ပြောဆို နေတာတွေဟာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှု နောက်ပိုင်း ဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းအရာများ ကို ရည်ညွှန်း ပြောဆိုမှုများ ပါဝင်ပါတယ်။

ဒါပေမယ့် ဒီအသံဟာ မစ္စတာ Baghdadi ရဲ့ အသံအစစ် ဆိုတာ အတည် မပြုနိုင်သေးဘူး လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရသူ ကတော့ ဆိုပါတယ်။

နောက်ပိုင်း ဖြစ်တဲ့ အကြောင်းအရာတွေလို့ ဆိုတာမှာ၊ အီရတ်မှာ နောက်ထပ် အမေရိကန် စစ်ဘက် ဝန်ထမ်းတွေကို သမ္မတအိုဘားမား က နေရာချတာမျိုး၊ လစ်ဗျား၊ အီဂျစ်နဲ့ ယီမင်နိုင်ငံ တွေက ဂျီဟာ့ဒ်ဝါဒီ အုပ်စုတွေက၊ IS အပေါ် သစ္စာခံကြောင်း ကြေညာတာမျိုးတွေ အဒီ့ အသံဖိုင်ထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာပဲ အမေရိကန်ရဲ့ ထိပ်တန်း စစ်ဘက် အရာရှိတွေဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ လုပ်ဆောင် လာခဲ့ကြတဲ့ IS တိုက်ဖျက်ရေး စစ်ဆင် ရေးတွေဟာ ၃ လတာ ကာလ အတွင်း တိုးတက်မှု ရှိခဲ့တယ်လို့ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကို ပြောခဲ့ပါတယ်။

ဒါပေမယ့် IS ကို အပြီးတိုင် ခြေမှုန်းနိုင်ဖို့ ဆိုရင် ဆက်ပြီး အချိန်ယူရဦးမယ်၊ ခက်ခဲဦးမယ် ဆိုပြီးတော့လည်း အမေရိကန် အစိုးရ အပါအဝင် မဟာမိတ် နိုင်ငံတွေကို သတိပေးပါတယ်။