ဒ​လိုင်း​လား​မား​နဲ့ သီး​သန့်​တွေ့​ဆုံ​ဖို့ ပုပ်​ရဟန်းမင်းကြီး ငြင်း​ဆို

dalai_lama

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, တရုတ်နဲ့ ဆက်ဆံရေး တိုးတက်ဖို့ ကြိုးစားနေတဲ့ အတွက် ဒလိုင်းလားမားနဲ့ တွေ့ဆုံဖို့ ဗာတီကန်က ငြင်းဆိုခဲ့ပါတယ်။

တရုတ်နဲ့ ဆက်ဆံရေးကို ငဲ့ကွက်ပြီး တိဘက် ရဲ့ ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား နဲ့ သီးသန့် တွေ့ဆုံဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ငြင်းဆို လိုက်ပါတယ်။

ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်များ ရဲ့ ထိပ်သီး အစည်းအဝေးကို တက်ဖို့ ရောမမြို့ကို လာမှာ ဖြစ်တဲ့ ဒလိုင်းလားမား ဆရာတော်က သူ ရောမမြို့မှာ ရှိနေတုန်း ပုပ်ရဟန်းမင်းနဲ့ တွေ့ဖို့ တောင်းဆိုခဲ့တဲ့ အပေါ် ဗာတီကန်က အခုလို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို ဗာတီကန်ရဲ့ ငြင်းဆိုမှု ကို သူ့ အနေနဲ့ စိတ်ပျက်ရပေမယ့် အခြေအနေ အပေါ် နားလည်ပါကြောင်း ဒလိုင်းလားမား က ပြောပါတယ်။

တရုတ် ပြည်တွင်းမှာ တရုတ် ကွန်မြူနစ် ပါတီက တရားဝင် ခွင့်ပြုထားတဲ့ ကက်သလစ် ကျောင်းတော် နဲ့၊ ပုပ်ရဟန်းမင်းကြီး အပေါ်မှာသာ ကျိုးနွံ သစ္စာခံတဲ့ မြေအောက် ကက်သလစ် အဖွဲ့တွေ ဆိုပြီး ၂ မျိုးကွဲ တည်ရှိ နေကြပြီး၊ ဒီ အခြေအနေ မှာ တရုတ်ပြည် နဲ့ ဆက်ဆံရေး တိုးတက်ဖို့ ဗာတီကန် အနေနဲ့ ကြိုးစား နေတာ ဖြစ်ပါတယ်။