အီ​ဘို​လာ​နဲ့ ပတ်သက်​ပြီး အမေ​ရိ​ကန် ထိန်း​ချူပ်​မှု ပုံစံ​ကို ဝေဖန်နေ

3_cn_ebola_us_airport_chicago

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ, အနောက် အာဖရိက နိုင်ငံတွေက လာတဲ့ သူတွေကို အမေရိကန်ထဲ အဝင်မှာ ၃ ပတ်ကြာ တစ်ယောက်တည်း ခွဲထားမယ်။

ဆီရာလီယွန်း နိုင်ငံက အီဘိုလာ ရောဂါသည် တွေကို ပြုစု ကုသမှု ပေးခဲ့တဲ့ အမေရိကန် သူနာပြု ကေစီ ဟစ်အော့ဇ် ဟာ အမေရိကန် နိုင်ငံကို ပြန်လည် ဝင်ရောက် လာတဲ့အခါ၊ သူမကို ၃ ပတ်ကြာ တစ်ယောက်တည်း သီးခြား ခွဲပြီး ထားခံ ခဲ့ရတဲ့ အတွက် အဲဒီ စည်းမျဉ်း အပေါ် ဝေဖန် လိုက်ပါတယ်။

အီဘိုလာ ကူးစက်မှု အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ အနောက် အာဖရိက နိုင်ငံတွေ ကနေ အမေရိကန်ကို ဝင်လာကြသူ ဘယ်သူ့ကို မဆို၊ အခုလို သီးခြား ခွဲထားဖို့ စည်းမျဉ်းသစ် တစ်ရပ် အမေရိကန်ရဲ့ နယူးယောက်၊ နယူးဂျာစီနဲ့ အီလီနွိုင်း စတဲ့ ပြည်နယ် ၃ ခုမှာ ပြဌာန်းထားပါတယ်။

သူနာပြု ကေစီ ဟစ်အော့ဇ် ကတော့၊ သူမ ကြုံတွေ့ရတဲ့ သီးသန့် ခွဲခြားခံထား ခဲ့ရတဲ့ အတွေ့အကြုံ ဟာ ထိတ်လန့်ဖို့ ကောင်းတယ် လို့ ပြောပါတယ်။

ဒါ့အပြင် အခုလို တင်းကြပ် မှုကြောင့် အီဘိုလာ ထိန်းချူပ်ရေးမှာ ကူညီဖို့ အနောက် အာဖရိက နိုင်ငံတွေကို သွားရောက် လိုကြတဲ့ အမေရိကန် ဆရာဝန်တွေ၊ သူနာပြုတွေ ကို အဟန့်အတား ဖြစ်စေ နိုင်တယ် လို့လည်း ဝေဖန် ခဲ့ပါတယ်။