မြန်မာမှာ ဘိန်းစိုက်ပျိုးမှု လျော့ကျ

မြန်မာ နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ အများဆုံး ဘိန်း ထုတ်လုပ်တဲ့ နိုင်ငံ အဆင့်မှာ ဆက်ပြီး ရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, unodc

ဓာတ်ပုံ ပုံစာ, မြန်မာ နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ အများဆုံး ဘိန်း ထုတ်လုပ်တဲ့ နိုင်ငံ အဆင့်မှာ ဆက်ပြီး ရှိနေဆဲ

မြန်မာ နိုင်ငံမှာ ဘိန်း စိုက်ပျိုးမှု ဟာ ၂၀၁၃ ခုနှစ်က ၅၇ ၈၀၀ ဟက်တာ ရှိခဲ့ရာ ကနေ အခု ၂၀၁၄ မှာတော့ ဟက်တာ ၂၀၀ ကျဆင်း သွားတယ်လို့ ကုလ သမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ပြစ်မှု ဆိုင်ရာ ရုံး UNODC က ထုတ်ပြန်တဲ့ အစီရင် ခံစာမှာ ဖေါ်ပြထား ပါတယ်။

ဒီအတွက် ဘိန်းထုတ်လုပ်မှုဟာလည်း ၂၀၁၃ ခုနှစ်က တန်ချိန် ၈၇၀ ရှိရာ ကနေ ၂၀၁၄ မှာ တန်ချိန် ၆၇၀ အထိ လျော့ ကျသွားခဲ့ တယ်လို့ အစီရင် ခံစာက ဆိုပါ တယ်။

ဒါပေမယ့် လည်း မြန်မာ နိုင်ငံဟာ အာဖဂန် နစ္စတန် ပြီးရင် ကမ္ဘာမှာ ဒုတိယ အများဆုံး ဘိန်း ထုတ်လုပ်တဲ့ နိုင်ငံ အဆင့်မှာ ဆက်ပြီး ရှိနေဆဲ ဖြစ်ပါတယ်။

အခုလို အာဖဂန် ပြီးရင် မြန်မာ ဒုတိယ လိုက်ပေမယ့် တကယ် တန်းမှာ စိုက်ပျိုး ထုတ်လုပ်မှု ကွားခြား မှုကတော့ အလွန် တရာမှ ကွာခြား တယ်လို့ မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က စီမံကိန်း ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်း က ဘီဘီစီကို ပြောပါတယ်။

အမှန်တော့ တခြား ဘိန်း စိုက်ပျိုးမှုတွေ ရှိနေတဲ့ ကိုလံဘီယာ၊ မက္ကဆီကို လို နိုင်ငံ တွေက ဘိန်းစိုက် တာတွေကို လေ့လာမှု တွေ လုပ် မရတဲ့ အခြေ အနေ မျိုး ရှိတယ် လို့လည်း ရဲမှူးကြီးက ပြောပါတယ်။

ကျွမ်းကျင် သူတွေရဲ့ အဆို အရ အဲဒီ နိုင်ငံတွေ ဟာလည်း မြန်မာ နိုင်ငံ လောက် ဘိန်း ထုတ်လုပ်မှု အတိုင်း အတာ ရှိနိုင် တယ်လို့ ပြော ဆိုကြကြောင်း သူက ပြောပါ တယ်။

လက်ရှိ မြန်မာ နိုင်ငံမှာ လူငယ် အများ အပြား မူးယစ် ဆေးဝါး ပိုသုံးလာ တဲ့ အပေါ်ကိုတော့ ရဲမှူးကြီးက ထိန်းချုပ် နိုင်စွမ်း ရှိပါတယ်လို့ ပြောကြား သွား ပါတယ်။