ဆစ်​ဒ​နီ​က ကော်ဖီဆိုင် တစ်ဆိုင်ကို သေ​နတ်​သမား ဝင်​ရောက်​ပြီး ပြန်​ပေး​ဆွဲထား

sydney_siege

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ဆစ်ဒနီ မြို့လယ်က စားသောက် ဆိုင်ငယ် တစ်ခု စီးနင်း ခံထားရပြီး လူတွေ အများအပြား ကို ဓားဆာခံ အနေနဲ့ ဖမ်းဆီး ထားပါတယ်။

ဆစ်ဒနီ မြို့လယ်က Lindt Cafe ဆိုင်ထဲကို အနည်းဆုံး သေနတ် သမား တစ်ဦး ဝင်ရောက်ပြီး ဆိုင်ထဲက လူတွေကို ဓားစာခံ လုပ် ဖမ်းဆီး ထား ပါတယ်။

အခု ဆိုရင် လက်နက်ကိုင် ရဲတွေဟာ မြို့လယ်က နေရာ တချို့ကို ပိတ်ဆို့ ဝိုင်းရံ ထားကြပြီ ဖြစ်ပြီး၊ သေနတ် သမားနဲ့လည်း ဆက်သွယ် စကားပြော ဖို့ ကြိုးစား နေပါတယ်။

ဆိုင်ထဲ ကနေ ထွက်ပြေး လွတ်မြောက် လာသူ ၅ ယောက် ရှိသွား ပြီ ဖြစ်ပေ မယ့်လို့ သေနတ် သမားက ပြန်လွှတ်ပေး လိုက်တာလား ဆိုတာ ကတော့ အတိ အကျ မသိရ သေးပါ။

သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အဘာ့တ် က အခု ဖြစ်ရပ် အတွက် အထူးကို စိုးရိမ် မိကြောင်း ထုတ်ဖေါ် ပြောကြား ပါတယ်။

အဲဒီလို သေနတ် သမား ဝင်စီးချိန် တုန်းက ဒီ ကော်ဖီ ဆိုင်ထဲမှာ အလုပ် သမား ၁၀ ယောက်နဲ့ စားသုံးသူ ၃၀ လောက် ရှိမယ်လို့ ခန့်မှန်းရ ပါတယ်။

အဲဒီ့ စားသောက်ဆိုင်ရဲ့ မှန်တွေကို မျက်နှာ မူရင်းသား မတ်တပ်ရပ် လက်မြှောက် ထားကြရတဲ့ ဓားစာခံတွေကို မြင်တွေ့ နေရပါတယ်။

အစ္စလာမ်မစ် အနက်ရောင် အလံလည်း ဆိုင်ထဲမှာ လွှင့်ထူ ထားပါတယ်။