သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ မယ်ကမ္ဘာ တောင်အာဖရိကသူ ရရှိ


၂၀၁၄ မယ်ကမ္ဘာဆုရသွားတဲ့ တောင်အာဖရိကနိုင်ငံက ဆေးကျောင်းသူ Rolene Strauss (လယ်)
၂၀၁၄ မယ်ကမ္ဘာဆုရသွားတဲ့ တောင်အာဖရိကနိုင်ငံက ဆေးကျောင်းသူ Rolene Strauss (လယ်)

၆၄ ကြိမ်မြောက် မယ်ကမ္ဘာရွေးချယ်ပွဲမှာ အသက် ၂၂ အရွယ် တောင်အာဖရိကအလှမယ်က အနိုင်ရပြီး သရဖူဆောင်းသွားခဲ့ပါတယ်။

ဆေးကျောင်းသူ Rolene Strauss ဟာ တနင်္ဂနွေနေ့က လန်ဒန်မှာကျင်းပတဲ့ အခုနှစ် မယ်ကမ္ဘာရွေးချယ်ပွဲမှာ အနိုင်ရရှိသွားခဲ့တာပါ။ ရုပ်သံကနေ တိုက်ရိုက်လွှင့်ထုတ်တဲ့ အဲဒီရွေးချယ်ပွဲကို ကမ္ဘာအနှံ့က လူသန်းပေါင်းရာနဲ့ချီပြီးတော့ ကြည့်ရှုခဲ့ကြပါတယ်။

ဟန်ဂေရီနိုင်ငံသူ Edina Kulcsar က ဒုတိယ၊ အမေရိကန်ပြည်ထောင်စုကအလှမယ် Elezabeth Safrit က တတိယ ရရှိခဲ့ကြပြီး ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၂၀ ကျော်က အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီနှစ် မယ်ကမ္ဘာရွေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟွန်ဒူးရပ်(စ) အလှမယ် Maria Jose Alvarado ပြီးခဲ့တဲ့လအတွင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်က အခုနှစ်မယ်ရွေးပွဲကို အစွန်းထင်းဖြစ်စေခဲ့ပါတယ်။

Maria နဲ့ သူမရဲ့အမတို့နှစ်ယောက်ဟာ အမဖြစ်သူရဲ့ရည်းစားက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့ကြပါတယ်။

XS
SM
MD
LG