မန္တလေးနဲ့ စစ်ကိုင်းမှာ ရေကြီး ရေလျှံပြီး လူသေဆုံး

မြန်မာနိုင်ငံမှာ ရေကြီး ရေလျှံမှုတွေ မကြာခဏ ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, others

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံမှာ ရေကြီး ရေလျှံမှုတွေ မကြာခဏ ဖြစ်နေ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံရွာ အနောက်ဘက်က ရေမျက်ရွာမှာ တောင်ကျရေ လျှံပြီး ရွာကို သဲဖုံးသွားခဲ့ရာမှာ လူသေဆုံးမှု အထိ ရှိခဲ့ပါတယ်။

မနက် ၂နာရီလောက်မှာ မိုးရွာအပြီး တောင်ကျရေ လျှံခဲ့ရာကနေ သဲတွေပါ ပါလာပြီး တရွာလုံးကို သဲဖုံးသွားခဲ့ကြောင်း၊ အိမ်ခြေ တရာလောက်ရှိတဲ့ အဲဒီ ရွာမှာ အိမ်ခြေ ၃ပုံ ၂ပုံလောက် လုံးဝ ပျက်စီးသွားကြောင်း ဒေသခံ အမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။

ချောင်းဖျား ဆည်ပိတ် ဆောက်လုပ်မှုကြောင့် ဆည်ကျိုးပေါက်ပြီး အခုလို ရေလျှံခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာလည်း ရေကြီးမှုကြောင့် တံတား တစင်း ကျိုးပြီး အိမ်တွေ မျောပါ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ တိုင်ဖွန်း မုန်တိုင်း အကြွင်းအကျန် ဝင်ရောက်ပြီး မိုးကြီးနိုင်တဲ့အတွက် ရေကြီး ရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလဝသ ပညာရှင်တွေက သတိပေးထားပါတယ်။