မီလန်မှာ ခေါင်းဆောင်တချို့နဲ့ ဦးသိန်းစိန် သီးသန့်ဆွေးနွေး

Burmese President is at ASEM Summit Photo MOI

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဥရောပမှာ ကျင်းပတဲ့ ASEM ဆွေးနွေးပွဲကို မြန်မာ သမ္မတ အနေနဲ့ ပထမဆုံး တက်ရောက် (ဓါတ်ပုံ MOI)

အီတလီနိုင်ငံ မီလန် မြို့မှာ ကျင်းပတဲ့ ASEM ခေါ် အာရှ ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ဥရောပ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဘေးထွက် ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။

ထိပ်သီး ဆွေးနွေးပွဲ အပိတ်နေ့မနက်က မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသား ကိစ္စတွေနဲ့ လူ့ အခွင့် အရေး ကိစ္စတို့မှာ ကူညီပေးနေတဲ့ ဖင်လန်၊ ဆွီဒင် နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံပြီး ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဖင်လန် နိုင်ငံက တခြားနိုင်ငံများရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဝင်ရောက် ကူညီခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိတဲ့ အတွက် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စိတ်ရှည်ရှည် ဆောင်ရွက်ဖို့နဲ့ သူတို့ဖက်က အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

ဆွီဒင် နိုင်ငံကတော့ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တိုင်းရင်းသား အရေးနဲ့ လူ့အခွင့် အရေး တိုးမြှင့်ဖို့ ကိစ္စ တို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဗီယက်နမ် နိုင်ငံနဲ့ နော်ဝေနိုင်ငံ တို့က နိုင်ငံ ခေါင်းဆောင်တွေနဲ့ လည်း ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

သမ္မတနဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၁၇ ရက်မှာ မီလန်ကနေ တူရင်း မြို့ကို ခရီးဆက်မှာ ဖြစ်ပြီး လျှပ်စစ် စီမံကိန်းနဲ့ စိုက်ပျိုးရေး ကိစ္စတို့ကို သွားရောက် လေ့လာမယ့် အပြင် တူရင်း ပြတိုက်မှာ ပြသထားတဲ့ မြန်မာ နိုင်ငံက အနာပညာ လက်ရာ ပြပွဲကိုလည်း သွားရောက်မယ်လို့ ပစ္စည်းတွေ သမ္မတ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။