ယူကရိန်း အရှေ့ခြမ်း ငြိမ်းချမ်းပြီလား

ukraine_

ဓာတ်ပုံ ရင်းမြစ်, afp

ဓာတ်ပုံ ပုံစာ, ယူကရိန်း အရေး ဆွေးနွေးပွဲ

ယူကရိန်း အရှေ့ဘက်ခြမ်း မှာ လပေါင်းများ စွာ ဖြစ်ပေါ်နေခဲ့ တဲ့ တိုက်ပွဲတွေ အဆုံးသတ် နိုင်ဖို့ ရည်ရွယ်တဲ့၊ အပစ်အခတ် ရပ်စဲရေး သဘောတူမှု တစ်ရပ်ကို ယူကရိန်း အစိုးရ နဲ့ ရုရှား လိုလားသူ သူပုန်တွေ အကြား ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံရေး စကားဝိုင်းတွေ ပြုလုပ် နိုင်တော့မှာ ဖြစ်တဲ့ အတွက်၊ အပစ်ရပ် သဘောတူမှုဟာ အရေးကြီးတယ်လို့ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှဲန်ကို က ပြောပါတယ်။

သူပုန်တွေဘက်က တော့ သူတို့ရဲ့ အန္တိမ ရည်မှန်းချက်ဟာ ယူကရိန်း အရှေ့ဘက်ခြမ်း ကနေ ခွဲထွက်ရေး ကို ဆက်လက် ကိုင်ဆွဲ ထားဆဲ ဖြစ်ကြောင်း ပြောပါတယ်။

အခု ယူကရိန်း ကြုံတွေ့နေရ တဲ့ အကြပ်အတည်းကို ၂၀၀၈ ဂျော်ဂျီယာ ပြဿနာ နဲ့ နှိုင်းယှဉ်လို့ ရနိုင်ပါတယ်။

အဲဒီ့တုန်းက ဂျောဂျီယာရဲ့ အက်ဘ်ခါးဇီးယားနဲ့ တောင် အော်ဆီးရှား ဒေသတွေက သူပုန်တွေကို အားပေးတဲ့ ရုရှားနဲ့ ဂျော်ဂျီယာတို့ စစ် ခနတာမျှ ဖြစ်ခဲ့ရပါတယ်။

ရုရှား အနေနဲ့ တခြားနိုင်ငံတွေကို သိမ်းပိုက် ခြင်း အားဖြင့်တော့ ပိုမို အောင်မြင်မှု မရနိုင်ပါဘူးလို့ လက်ရှိ ဂျော်ဂျီယာ သမ္မတ ဂျောဂီ မာဂ် ဗလပ်ရှ် ဗီလီက ဘီဘီစီ ကိုပြောပါတယ်။