ခွဲစိတ် ကုသပြီး ကိုယ်အလေးချိန် လျှော့ရင် ဆီးချို သက်သာနိုင်

ခွဲစိတ် ကုသပြီး ကိုယ်အလေးချိန် လျှော့ရင် ဆီးချို သက်သာနိုင်

ဓာတ်ပုံ ရင်းမြစ်, SPL

ဓာတ်ပုံ ပုံစာ, ခွဲစိတ် ကုသပြီး ကိုယ်အလေးချိန် လျှော့ရင် ဆီးချို သက်သာနိုင်

အဝလွန် သူတွေကို ခွဲစိတ် ကုသပြီး ကိုယ်အလေးချိန် လျှော့ချ ပေးနိုင်မယ် ဆိုရင် ဆီးချိုရောဂါ (အမျိုးအစား ၂) ကို ၈၀ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်မယ်လို့ ဗြိတိသျှ ဆေးသုတေသီ တွေက ပြောပါတယ်။

အစာအိမ်ကို အရွယ် ငယ်သွားအောင် ခြုံ့တဲ့ ကုသနည်း အပါအဝင် ကိုယ်အလေးချိန် လျော့အောင် ခွဲစိတ် ကုသမှုတွေ ခံယူခဲ့တဲ့ လူကြီး ၄၀၀၀ ကျော်ကို လေ့လာမှု အရ သူတို့တွေမှာ ဆီးချို ရောဂါ အခြေအနေ ပိုဆိုးမလာတာ တွေ့ရပါတယ်။

ဒီရလဒ်က ကျားမ မရွေး၊ အသက်အရွယ် မရွေး အကျုံးဝင်တယ်လို့ ဆိုပါတယ်။

King's College London က သုတေသီတွေရဲ့ လေ့လာချက်ကို ဗြိတိန်က Lancet ဆေးသိပ္ပံ ဂျာနယ်ရဲ့ Diabetes and Endocrinology ခေါင်းစဉ် အောက်မှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။