www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 11, 2014

ဗီဇာစည်းကမ်းနှင့် မညီညွတ်သည့် နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင်ဒဏ်ပေး


မန္တလေး ၊ ၁၁-၉-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ နိုင်ငံခြား သားများ ဝင်ရောက် နေထိုင်မှုနှင့် စပ်လျဉ်း၍ ဥပဒေ လုပ်ထုံး လုပ်နည်း များနှင့် ညီညွတ်မှု မရှိသော ဝင်ရောက်မှု များနှင့် ဗီဇာ စည်းကမ်း ဖောက်ဖျက်သည့် ဖြစ်စဉ်မျိုး မဖြစ်ပေါ် စေရေး အတွက် တားဆီး ဆောင်ရွက် နေမှုများကို မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး တွင် လုံခြုံရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြား သားများ ဝင်ရောက် နေထိုင်မှုနှင့် စပ်လျဉ်း၍ တားဆီး ဆောင်ရွက် ရာတွင် ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝင်ရောက် လာသော နိုင်ငံခြားသား များကို ဗီဇာ စည်းကမ်းနှင့် အညီ နေထိုင် ခြင်း ရှိ၊ မရှိ၊ နေခွင့် သက်တမ်း ကျော်လွန်ခြင်း ရှိ၊ မရှိ၊ တာဝန်ခံမည့် Focal Ministry ရှိ၊ မရှိတို့ကို စဉ်ဆက်မပြတ် စိစစ် ကြပ်မတ်လျက် ရှိကြောင်း၊ နေခွင့် ကျော်လွန် နေထိုင်သော နိုင်ငံခြားသား များကို ကြပ်မတ် စိစစ် ဖော်ထုတ်ရေး အတွက် နိုင်ငံခြားသားများ တည်းခိုသော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း များအား ရှောင်တခင် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် လေဆိပ်၊ ရေဆိပ် များတွင် နိုင်ငံခြားသားများ ဝင်၊ ထွက် မှုများ စနစ်တကျ စစ်ဆေး ကြပ်မတ် ထိန်းသိမ်းရန် ရေဆိပ်များရှိ ရေယာဉ် အသင်းများနှင့် ဆိပ်ကမ်း တာဝန်ရှိ သူများကို တွေ့ဆုံ၍ ပညာပေး ရှင်းလင်း မှုများ မကြာခဏ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြား သားများ Over - Stay ဖြင့် နှစ်ရှည် နေထိုင်မှုမျိုး မဖြစ်ပေါ် စေရန်လည်း စစ်ဆေး ဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းဗီဇာ ( Business Visa ) ဖြင့် ဝင်ရောက် လာသည့် နိုင်ငံခြားသား များ အိမ်ငှား နေထိုင် ခွင့်ပြုရာတွင် ကုမ္ပဏီမှ တာဝန်ရှိ သူ၏ လျှောက်လွှာ၊ သက်တမ်း ရှိသော ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ၊ ယင်းကုမ္ပဏီမှ (နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အတွက် အခွန်ငွေ ပေးဆောင်မှု Form-C ၊ Form-VI, Form- XXVI) ၊ နိုင်ငံခြား သားများ နေထိုင်ရန် အတွက် ကုမ္ပဏီ တာဝန်ရှိသူ လက်မှတ် ရေးထိုး၍ ငှားရမ်း ပေးထားသော အိမ်ရှင်၊ အိမ်ငှား စာချုပ် စသည့် အချက်အလက် များ ရှိ၊ မရှိ စိစစ်၍ ခွင့်ပြု ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဗီဇာ ဖြင့် ဝင်ရောက် လာသော နိုင်ငံခြားသားများ သက်တမ်း ကျော်လွန် နေပါက သက်တမ်း တိုးမြှင့်နိုင်ရေး အတွက် ၄င်း နိုင်ငံခြားသား အလုပ်လုပ် ကိုင်သည့် ကုမ္ပဏီမှ တစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ လျှောက်ထား ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ထောက်ခံ၍ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သို့ တင်ပြ လျှောက်ထား ရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝင်ရောက် လာပြီး ဗီဇာ စည်းကမ်းနှင့် အညီ နေထိုင်ခြင်း မရှိသော နိုင်ငံခြား သားများကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက် များ) အက်ဥပဒေ ပုဒ်မ-၄(၂)/၁၃(၁) တို့ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြားသား များ ရောက်ရှိမှု ကို သတင်းပို့ရန် ပျက်ကွက်သည့် အိမ်ရှင်၊ ကုမ္ပဏီ တာဝန်ခံများ နှင့် တာဝန်ရှိ သူများကို ၁၉၄ဝ ပြည့်နှစ် နိုင်ငံခြား သားများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ၅(၁) အရ အရေးယူ ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၄ ခုနှစ်တွင် ဗီဇာစည်းကမ်း နှင့် မညီညွတ်သော နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင်ဒဏ် ပေးခြင်း ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ နိုင်ငံခြားသား များနှင့် စပ်လျဉ်း၍ ဥပဒေ လုပ်ထုံး လုပ်နည်းများ နှင့် ညီညွတ်မှု မရှိသော ဝင်ရောက်လာ မှုများနှင့် ဗီဇာ စည်းကမ်း ဖောက်ဖျက် သည့် ဖြစ်စဉ်မျိုး မဖြစ်ပေါ် စေရေး အတွက် တားဆီး ဆောင်ရွက် နေမှုများအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာန တို့မှ တာဝန်ရှိ သူများ ပါဝင်သည့် နိုင်ငံခြားသား ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ တို့ဖြင့် ပူးပေါင်း၍ စစ်ဆေး ကြပ်မတ် တားဆီးခြင်း တို့ကို ဥပဒေနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြားသား များနှင့် ဆက်နွှယ် ပတ်သက်လျက် ရှိသော ကုမ္ပဏီများ၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ အသင်းအဖွဲ့များ နှင့် တာဝန်ခံ များကို အသိ ပညာပေး ဆွေးနွေး ရှင်းလင်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်း ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝင်ရောက် နေထိုင် အလုပ် လုပ်ကိုင်လျက် ရှိသော နိုင်ငံခြားသား ပေါင်း ၁၄ဝဝ ကျော် ရှိကြောင်း သိရသည်။

မန္တလေး ခရိုင် အတွင်းတွင် နေထိုင်လျက် ရှိသော ကိုးကွယ်မှု ဘာသာ အလိုက် လူဦးရေ စာရင်းမှ ဗုဒ္ဓဘာသာ ၁၆ သိန်းကျော်၊ ခရစ်ယာန် ဘာသာ ၈ဝဝဝ ကျော်၊ အစ္စလာမ် ဘာသာ ခြောက်သောင်း ကျော်၊ ဟိန္ဒူဘာသာ ၁၅ဝဝဝ ကျော်၊ အခြား ၁ဝဝ ကျော် စုစုပေါင်း ၁၇ သိန်းကျော် ဖြစ်ပြီး လူမျိုးအလိုက် နေထိုင်မှု မှာ မွေးရာပါ နိုင်ငံသားများ ဖြစ်သော တိုင်းရင်းသား လူမျိုးများ အပြင် မွေးရာပါ မဟုတ်သော် လည်း ဥပဒေအရ ဖြစ်လာသော နိုင်ငံသား၊ဧ ည့်နိုင်ငံသား၊ ပြုနိုင်ငံသား များဖြစ်သည့် တရုတ် လေးသောင်း ကျော်၊ အိန္ဒိယ ခြောက်သောင်း ကျော်၊ ဘင်္ဂလားဒေ့ရှ် ၁ဝဝဝ ကျော်၊ နီပေါ ၁ဝဝဝ ကျော် ဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်း ဘာသာ ပေါင်းစုံ အတူတကွ နေထိုင်လျက် ရှိကြောင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ဥပဒေနှင့် ညီညွတ်သူ များကိုသာ စိစစ် ထုတ်ပေး နေပြီး နိုင်ငံခြားသား များကို နိုင်ငံသားကတ် (လုံးဝ) ထုတ်ပေးခြင်း မရှိကြောင်း သိရသည်။

ကျော်အောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger