Homeမြန်မာသတင်း
ဘာသာတရားအားလုံးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးမူ ၅ ချက် သီတဂူဆရာတော် မိန့်ကြား
ဘာသာတရားအားလုံးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးမူ ၅ ချက် သီတဂူဆရာတော် မိန့်ကြား
DVB
·
October 5, 2015
မျိုးစောင့်ဥပဒေအားလုံးပြဋ္ဌာန်းခဲ့ပေမယ့် မြန်မာ့မြေပေါ်မှာနေတဲ့ ဘာသာတရားအားလုံးနဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ ငြိမ်းချမ်းရေးမူ ၅ ချက်ကို သီတဂူဆရာတော် အရှင်ဥာဏိဿရ က က မိန့်ကြားခဲ့ပါတယ်။
ကိုးကွယ်ရာ ဘာသာကူးပြောင်းချင်းဆိုင်ရာ ဥပဒေနဲ့အတူ မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေ လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ စတဲ့ဥပဒေ ၄ ခုကို ပြဋ္ဌာန်းလိုက်နိုင်တဲ့ မျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ်ကြိုဆိုပွဲမှာ ဆရာတော်က အခုလို မိန့်ကြားလိုက်တာပါ။
ဒီငြိမ်းချမ်းရေးမူ ၅ ချက်ကို မျိုးစောင့်ဥပဒေအောင်ပွဲနေ့ အထိမ်းအမှတ်မှာပဲ တခြား ဘာသာဝင်တွေကိုလည်း ထုတ်ပြန်ကြောင်းနဲ့ သံယာတော်တွေအနေနဲ့ မိမိတို့ သာသနာရေး လုပ်ငန်းတွေ တိုးတက်အောင်ဆောက်ရွက်ဖို့ အစွန်းနှစ်ဖက်လွတ်အောင် ရှောင်ကြဖို့ကိုလည်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။
ဒီမျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားခန်းမမှာ အောက်တိုဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ရဟန်းရှင်လူတွေ၊ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ ပါတယ်။
မျိုးစောင့် ဥပဒေ ၄ ခုနဲ့ ပက်သက်လို့ နိုင်ငံတွင်းမှာ သဘောကွဲလွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ကန့်ကွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကလည်း မျိုးစောင့်ဥပဒေတွေနဲ့ ပက်သက်လို့ စိုးရိမ်ကြောင်း သတိပေး ထုတ်ဖော် ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ထောက်ခံတဲ့ လက်မှတ်ပေါင်း ၁ သန်းကျော်နဲ့ သမ္မတဆီကို ပေးပို့ခဲ့ပြီး ဒီနှစ်ထဲမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။