သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Malala အမှု သံသယရှိသူ ၁၀ ဦးကို ပါကစ္စတန်ဖမ်းဆီး


မာလာလာနဲ့ ဖခင်Ziauddin Yousafzai။
မာလာလာနဲ့ ဖခင်Ziauddin Yousafzai။

ပါကစ္စတန်နိုင်ငံက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ Malala Yousafzai ကို တိုက်ခိုက်ခဲ့သူတွေကို ပါကစ္စတန် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဟာ တကယ် စစ်မှန်တဲ့ မျှော်လင့်ချက် ထွက်ပေါ်လာဖို့ အစပျိုးလိုက်ခြင်းဖြစ်တယ်လို့ မာလာလာရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

မာလာလာကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့သူလို့ မသင်္ကာသူ ၁၀ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပါကစ္စတန် အရာရှိတွေက သောကြာနေ့ မှာ ပြောပါတယ်။ သေမလောက်အထိ တိုက်ခိုက်ခံခဲ့ရတဲ့ ဒဏ်ရာတွေ ပြန်ကောင်း လာခဲ့ပြီးတဲ့နောက် မာလာလာဟာလည်း ကမ္ဘာသိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်လာခဲ့ပါတယ်။

ပါကစ္စတန် လူမျိုးစုဒေသတွေမှာ အခြေစိုက်တဲ့ Tehrik-e-Taliban ညွန်ပေါင်းအဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ သူတို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူတို့အနေနဲ့ မာလာလာကို တိုက်ခိုက်ခဲ့ကြောင်းလည်း အဲဒီအဖွဲ့က ဝန်ခံထားပြီး ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အတွင်း အကြမ်းဖက်သမားတွေက သူမရဲ့ခေါင်းကို သေနတ်နဲ့ပစ်ပြီး လုပ်ကြံခြင်း မခံရခင်က မာလာလာဟာ ပါကစ္စတန်နိုင်ငံအတွင်းမှာ အမျိုးသမီးတွေ ပညာသင်ခွင့်ရဖို့အတွက် လိုက်လံ ဆော်သြနေသူ ဖြစ်ပါတယ်။ တခြား အမျိုးသမီးငယ် ၂ ဦးလည်း အဲဒီတိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာ ရခဲ့ကြပါတယ်

XS
SM
MD
LG