အီရန်က အိုင်အက်စ်ကို ပစ်မှတ်ထားပြီး တိုက်

air_strike_304x171

ဓာတ်ပုံ ရင်းမြစ်, PA

ဓာတ်ပုံ ပုံစာ, အိုင်အက်စ် ကို အီရန်ပစ်မှတ်ထား တိုက်ခိုက်

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ နေ့ တွေ တုန်း က အီရတ် အရှေ့ဘက် ပြည်နယ် ဒီယာလာ ဘက်မှာ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ရဲ့ စခန်းတွေ ကို အီရန် က လေကြောင်း စစ်ဆင်ရေး ပြုတဲ့ သတင်း ကို ဘီဘီစီ သတင်းထောက် ဂျွန်ဆိုပဲလ် က သတင်းပေးပို့ လိုက်ပါတယ်။

အီရန် ရဲ့ F4 phantom jet တိုက်လေယာဉ် တွေ က တိုက်ခိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာတာ ကို အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် မှ ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီ က ကြားသိကြောင်း ပြောပါတယ်။

ဒီသတင်း ထွက်ပေါ်လာတဲ့ အပေါ် မှာ သံသယ ဖြစ်စရာ မရှိပါဘူး။ အတိအကျသိလိုရင်တော့ အီရန် အစိုးရ ကိုဘဲ မေးကြပါ။ အမေရိကန် အနေနဲ့ တော့ အီရန် နဲ့ ပူးတွဲ ပြီးလေကြောင်း စစ်ဆင်ရေး မပြုပါဘူး။ ဒီ လေပိုင်နက် ဟာလည်း အီရတ် ရဲ့ လေပိုင်နက် ဖြစ်တဲ့ အတွက် အမေရိကန် က အီရတ် အစိုးရ ကို အသိပေးပြီး မှ အိုင်အက်စ် တွေ ကို ပစ်မှတ်ထားတာပါ လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် မှ ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီ က ရှင်းပြပါတယ်။

ဒါပေမဲ့ တခု ရှင်းတာကတော့ အမေရိကန်၊ ဗြိတိန် နဲ့ အီရန် တို့ ဟာ ဘုံရန်သူ ဖြစ်တဲ့ အိုင်အက်စ် တွေ ကို ပစ်မှတ်ထားရာ မှာ လေကြောင်း စစ်ဆင်ရေးနဲ့ ပတ်သက်လို့ မသိကျိုးကျွံ ပြုနေကြပုံ ရတယ် လို့ စစ်ရေး အကဲခတ်တွေ က သုံးသပ်ကြပါတယ်။