ဘကီနာ ခေါင်းဆောင်အဖြစ် နောက်တဦးက ကြေညာ

ဒုဗိုလ်မှူးကြီး အိုက်ဆက် ဇီဒါ ဟာ နိုင်ငံခေါင်းဆောင် အဖြစ် ကြေညာတဲ့ ဒုတိယလူပါ

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ဒုဗိုလ်မှူးကြီး အိုက်ဆက် ဇီဒါ ဟာ နိုင်ငံခေါင်းဆောင် အဖြစ် ကြေညာတဲ့ ဒုတိယလူပါ

ဘကီနာ ဖာဆို နိုင်ငံမှာ သမ္မတ ဘလေ့စ် ကွန်ပေါင်ရေး ရာထူးက နှုတ်ထွက် သွားပြီး တဲ့နောက် သူ့နေရာ ကို ဘယ်သူ ဆက်ခံမလဲ ဆိုတာ စစ်တပ်ထဲ မှာအငြင်းပွား နေခဲ့ရာ ကနေ အခုတော့ သမ္မတ အစောင့်တပ် အရာရှိ တဦးက အာဏာရယူ လိုက်ပြီလို့ ကြေညာ လိုက်ပါတယ်။

ဒုတိယ ဗိုလ်မှူးကြီး အိုက်ဆက် ဇီဒါ က နိုင်ငံ ခေါင်းဆောင် တာဝန်ကို သူရယူ လိုက်ပြီလို့ သောကြာနေ့ ညတုန်းက ရုပ်မြင်သံကြား ကနေ ကိုယ် တိုင်ထွက် ပြောခဲ့ ပါတယ်။

သူက နိုင်ငံရေး ပါတီတွေ၊ အရပ်ဖက် အဖွဲ့ အစည်းတွေ နဲ့ တွေ့ဆုံ တိုင်ပင်ပြီး ဒီမိုကရေစီ စံနစ်ဆီကို အမြန်ဆုံး သွားနိုင်အောင် ကြိုးစား မယ်လို့ ပြောခဲ့ ပါတယ်။

စောစော ပိုင်းမှာ တုန်းကတော့ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အွန်နာရေ ထရာအိုရေး က သူခေါင်းဆောင် ဖြစ် ကြောင်း ကြေညာ ခဲ့ပြီး အဲဒီ နောက်ပိုင်း သူ့ကို လူမြင်ကွင်းမှာ မတွေ့ရတော့ ပါဘူး။

သမ္မတ ကွန်ပေါင်ရေး က သူ့ရဲ့ ၂၇ နှစ် ကြာ အုပ်ချုပ်မှုကို ထပ်ပြီး သက်တမ်းတိုးဖို့ ကြိုးစား ခဲ့လို့ အကြမ်းဖက် ဆန္ဒပြမှု တွေ ဖြစ်ပွား ခဲ့ပြီး သောကြာနေ့ တုန်းက ရာထူး ကနေ နှုတ်ထွက် သွားခဲ့တာ ဖြစ်ပါတယ်။